facebook
မရမ်းကုန်း၊ မစိုးရိမ်လမ်းထဲက အိမ်ပြာ ပြာလေး

မရမ်းကုန်း၊ မစိုးရိမ်လမ်းထဲက အိမ်ပြာ ပြာလေး

ငှားသူတွေ အဆင်ပြေစေမယ့် မရမ်းကုန်းမြို့နယ် ကိုးမိုင်မှာရှိတဲ့ ကျယ်ဝန်းတဲ့ ခြံဝင်းထဲက နှစ်ထပ်အိမ်
ဆက်သွယ်ရန် :
Phone : 01-7467590
Group : အရောင်း

မရမ်းကုန်း၊ မစိုးရိမ်လမ်းထဲက အိမ်ပြာ ပြာလေး

မရမ်းကုန်း၊ မစိုးရိမ်လမ်းထဲက အိမ်ပြာ ပြာလေးက ဒီတစ်ပတ် စိတ်ကြိုက်အိမ် အတွက် ရွေးချယ်ခံရတဲ့ အိမ်လေးဖြစ် ပါတယ်။

မစိုးရိမ်လမ်းထဲကို တော်တော်လေး ၀င်ပြီးကာမှ ကျွန်မတို့ရဲ့ စိတ်ကြိုက် အိမ်ဆီ ရောက်ပါတယ်။

လမ်းထိပ်က ဘတ်စ်ကားမှတ်တိုင်ကို လမ်းလျှောက် ထွက်ဖို့ဆို မလွယ်ကူလှပါဘူး။

ဒီတော့ ဒီလို နေရာမျိုးမှာ အိမ်ငှားမယ်ဆိုရင် ငှားမယ့်သူမှာ ကားတစ်စီးလောက်တော့ ရှိမှ အဆင်ပြေပါလိမ့်မယ်။

ခြံကတော့ မြေနေရာကျယ် ရှားပါးလာတဲ့ ရန်ကုန်မြို့မှာ ရှားရှားပါးပါးလို့ ပြောရလောက်တဲ့ အကျယ်အ၀န်းနဲ့ သစ်ပင်တွေအများကြီးနဲ့ခြံပါ။

စတုရန်း ပေ ၈,၀၀၀ (ပေ ၁၀၀ x ပေ ၈၀) ကျယ် ၀န်းတဲ့ ခြံကြီးထဲမှာ အိမ်တစ်လုံးအပါ အ၀င် ဂိုဒေါင်နဲ့ servant quarter သပ် သပ်ပါဝင် ပါတယ်။

ခြံနောက်ဘက်မှာ သန့်စင်ခန်းတစ်ခုလည်း သပ်သပ်ရှိပါ သေးတယ်။

ဟိုစဉ်က အရာရှိကြီးတွေ ပိုင်ဆိုင်တဲ့ အိမ်ပုံစံမျိုးလို့ ခန့်မှန်းမိ ပါတယ်။

အိမ်မကြီးဟာ အပြင်က ကြည့်ရင် တော့ ကျယ်တယ်မထင်ရပေမယ့် အထဲ မှာ အခန်းဖွဲ့ထားပုံတွေဟာ ကျယ်လွင့် ပြီး သပ်ရပ်တယ် ဆိုရပါမယ်။

အိမ်သံ ပန်းတံခါးကနေ ၀င်ဝင်ချင်း ဖိနပ်ချွတ်ရဲ့ ဘယ်ဘက်မှာ ဧည့်ခန်းဖြစ်ပါတယ်။ ဧည့် ခန်းအကျယ်က အတော်အသင့်ပါပဲ။

ဧည့်ခန်းကနေ ထမင်းစားခန်း ၀င် ပေါက်ရှိပြီး ထမင်းစားခန်းက တော် တော်ကျယ်ပါတယ်။ ထမင်းစားခန်းရဲ့ ညာဘက်မှာတော့ အပေါ်ကို တက်တဲ့ လှေကားရှိမယ်။

လှေကားရဲ့ ဘေးဘက် မှာတော့ အောက်ထပ်အတွက် ရေချိုး ခန်းအိမ်သာ တစ်စုံရှိမှာဖြစ်ပြီး ရိုးရိုးအိပ် ခန်းတစ်ခန်းက အိမ်ရဲ့ ညာဘက်ထောင့် မှာ ရှိနေပါတယ်။

ထမင်းစားခန်းကနေ တစ်ထစ်ဆင်းရ တဲ့ နေရာမှာ မီးဖိုခန်းကျယ်ကြီးရှိပြီး မီးဖိုခုံနဲ့ နံရံကပ်ဗီရိုတွေ ပါဝင်ပါတယ်။ ခြံနောက်ဘက်ကို ထွက်လို့ရမယ့် တံခါး တစ်ပေါက်လည်း ရှိသေးတယ်။

အိမ်အပေါ်ထပ်ကို တက်ကြည့်တဲ့ အခါမှာတော့ အိပ်ခန်းသုံးခန်းနဲ့ ဘုရား ခန်းနေရာကို တွေ့ရပါတယ်။ အိပ်ခန်း သုံးခန်းလုံးက ရိုးရိုးအိပ်ခန်းတွေပဲဖြစ်ပြီး ညီတူမျှတူ ကျယ်ဝန်းကြတယ်။

အိမ် နောက်ဘက် ၀ရန်တာကို ထွက်တဲ့ တံခါး ပေါက် နံဘေးမှာတော့ အပေါ်ထပ် အတွက် ရေချိုးခန်း၊ အိမ်သာတစ်စုံရှိပါ တယ်။

အနောက်ဘက် ၀ရန်တာဟာ နေရောင်ကောင်းကောင်းရတဲ့ နေရာ ဖြစ်တာကို တွေ့ခဲ့ရပါတယ်။ အ၀တ်တွေ ဘာတွေလှန်းလို့ အဆင်ပြေမှာပါ။

အိမ်ရှေ့ဘက် ဘုရားခန်းအတွက် အခန်းကန့်ထားတဲ့ နေရာရှိပြီး အဲဒီရဲ့ ခြေရင်းမှာတော့ အိမ်ရှေ့ဝရန်တာကို ထွက်စရာ တံခါးကိုတွေ့ရမှာပါ။

အိမ်ရှေ့ ၀ရန်တာကနေပြီး ကျယ်ဝန်းလှတဲ့ ခြံတစ်ခုလုံးနဲ့ အပင်တွေအားလုံးကို စီးမိုးမြင်နိုင်ပါတယ်။

လျှာထိုးကြမ်းခင်းတွေ အားလုံးဟာ အကောင်းအတိုင်းဖြစ်ပြီး တစ်အိမ်လုံး က ပြတင်းပေါက်တွေမှာလည်း ခြင်လုံ ဆန်ခါတွေနဲ့ပါ။

လေအေးပေးစက် ငါးလုံး တပ်ဆင်ထားပြီး ကြိုးဖုန်းတစ်လုံး လည်း ပါရှိပါမယ်။

ရေကတော့ ဂျိုးဖြူ ရေရော၊ အ၀ီစိရေပါ ပါဝင်ပြီး ရေမီး ၂၄ နာရီဖြစ်ပါတယ်။