facebook
ရန်ကင်းမြို့နယ်က သုခိတာအိမ် ရာ

ရန်ကင်းမြို့နယ်က သုခိတာအိမ် ရာ

သီးသီးသန့်သန့်နေလိုသူတွေ၊ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းရှင်တွေ အဆင်ပြေစေမယ့် ထုထည်ကြီးမားကျယ်ပြန့်တဲ့ နှစ်ထပ်ခွဲတိုက်
ဆက်သွယ်ရန် :
Phone :
Group : အငှား

ရန်ကင်းမြို့နယ်က သုခိတာအိမ် ရာ

ရန်ကင်းမြို့နယ်က သုခိတာအိမ် ရာမှာပါ။

လူသိများတဲ့ အိမ်ရာတစ်ခု မဟုတ်ပေမယ့် ကျွန်မရဲ့ ပထမဆုံး အတွေ့အကြုံမှာတော့ ဒီဇိုင်းဆန်းဆန်း အိမ်ကြီး အိမ်ကောင်းတွေ တော်တော် များတဲ့ အိမ်ရာအဖြစ် အသိအမှတ်ပြုမိ ခဲ့ပါတယ်။

Estate Myanmar က အကျိုး ဆောင် လမ်းညွှန်တဲ့အတိုင်း ကားလေး က သွားနေပါတယ်။

အိမ်လှလှတွေ များလွန်းတာမို့ အိမ်တစ်လုံးရှေ့က ဖြတ်သွားတိုင်း ဒီအိမ်ဖြစ်မလား၊ ဒီအိမ် ဆို မိုက်မယ်၊ ဒီအိမ်လည်း လှတာပဲနဲ့ အတွေးတွေ ရှုပ်ယှက်ခတ်နေတာပေါ့။

ကျွန်မတို့ရဲ့ စိတ်ကြိုက်အိမ်လေးက တော့ ခြံကျယ်ကျယ်၊ အိမ်ကျယ်ကျယ်နဲ့ ပါ။

စတုရန်းပေ ၅,၇၀၄ (၉၂ x ၆၂ ပေ) ကျယ်ဝန်းတဲ့ ခြံထဲမှာ အိမ်ကတော့ စတုရန်းပေ ၂,၀၀၀ ကျော်ရှိပါတယ်။

အိမ်ကတော့ အပြင်ကနေ ရုတ်တရက် ကြည့်လိုက်ရင် လှေကားနေရာမှာ နံရံ အချိုင့်လေး လုပ်ထားတာကြောင့် အိမ် နှစ်လုံးကို ဆက်ထားတဲ့ပုံစံဖြစ်နေပါ တယ်။

အပြင်ပန်းပုံစံအရ အိမ်ရဲ့ အသွင်သဏ္ဌာန်ဟာ ခပ်ရိုးရိုးပေမယ့် အတွင်းမှာတော့ ခမ်းနားတယ်ဆိုရ ပါမယ်။

ကျွန်းသစ်တွေ ခပ်များများ အသုံးပြု ထားတဲ့ အိမ်ဟာ အမြင်တစ်မျိုးဆန်း နေပါတယ်။

တစ်အိမ်လုံးက အပေါ်ဆင့် ပြတင်းပေါက်ဘောင်တွေဟာ တွေ့မြင် နေကျ သစ်သားတန်းတွေမဟုတ်ဘဲနဲ့ ကနုတ်ထွင်း ကျွန်းသားတွေပါ။

မျက်နှာ ကြက်မှာလည်း သစ်တွေနဲ့ပဲ အလှဆင် ထားပြီး နံရံရဲ့ တစ်ဝက်ကိုလည်း ကျွန်း လျှာထိုးတွေနဲ့ ပတ်ထားတာကို တွေ့ရ ပါတယ်။

တစ်အိမ်လုံးက အိပ်ခန်းတွေမှာ ရေ ချိုးခန်း အိမ်သာ တွဲလျက်ပါဝင်ပါတယ်။ အောက်ထပ်မှာတော့ အိပ်ခန်းနှစ်ခန်း ရှိပြီး ထမင်းစားခန်းနဲ့ မီးဖိုခန်းက တစ်ခန်းတည်းပါ။

ဧည့်ခန်းက တော် တော်ကျယ်ဝန်းပြီး အလင်းရောင်လည်း ကောင်းတာကို တွေ့ရတယ်။ ကနုတ်တွေ ထွင်းထားပြီး ထုထည် ကြီးတဲ့ လှေကားကနေတစ်ဆင့် အပေါ် ထပ်ကို တက်သွားပြီးချိန်မှာတော့ အိမ်ရဲ့ လက်ဝဲဘက်မှာရှိတဲ့ ဘုရားခန်းကျယ် ကို တွေ့ရပါတယ်။

ဘုရားခန်းနဲ့အိမ် ရှေ့ဝရန်တာကျယ်က ဆက်လျက်ပါပဲ။ အိမ်ရှေ့ပိုင်း လက်ယာဘက်မှာတော့ အိပ်ခန်းကျယ် တစ်ခန်းရှိပြီး သူလည်း ၀ရန်တာနဲ့ ဆက်လျက်ပါပဲ။

ဘုရား ခန်းနဲ့ ကပ်လျက်လျှောတံခါးတစ်ချပ် ခြားထားတဲ့ နေရာမှာတော့ အလုပ်ခန်း၊ စာကြည့်ခန်းအဖြစ် သုံးနိုင်သလို အိပ် ခန်းအဖြစ်လည်း သုံးလို့ရမယ့် အခန်း ကျယ်တစ်ခန်းပါရှိပါတယ်။ အလယ်ထပ်မှာရှိတဲ့နောက်ထပ်အိပ် ခန်းနှစ်ခန်းကလည်း အိမ်ဘေးဘက်က ကိုယ်ပိုင် ၀ရန်တာငယ်တွေနဲ့ပါ။

နောက် ထပ် အပေါ်ဆုံးထပ်တစ်ထပ်လည်း ရှိ ပါသေးတယ်။ အပေါ်ဆုံးထပ်မှာတော့ အိပ်ခန်းနှစ်ခန်းပဲ ရှိပါတယ်။ အိမ်ရှေ့ပိုင်း တစ်ခြမ်းလုံးစာကို နေရာယူထားတဲ့ လသာဆောင် အကျယ်ကြီးကြောင့် အခန်းများများ မဖွဲ့နိုင်တဲ့ ပုံစံပါပဲ။

လေတဖြူးဖြူးတိုက်နေတဲ့ လသာဆောင် ကနေ ပတ်ဝန်းကျင်မှာရှိတဲ့ ရှုခင်း ကောင်းတွေကို အပေါ်စီးကနေ တွေ့မြင်နိုင်ပါတယ်။ ရေမီး ၂၄ နာရီရတဲ့ နေရာဖြစ်ပြီး ဂျိုး ဖြူရေရော၊ အ၀ီစိရေပါ ရရှိနိုင်ပါတယ်။

မီတာကတော့ ရိုးရိုးမီတာပါ။

တစ်အိမ် လုံး အခန်းရှစ်ခန်းရှိတယ်။

အခန်း တိုင်းမှာ ကြိုးဖုန်းအခွဲတွေ တပ်ဆင်ထား ပြီး အခန်းတိုင်းက တီဗီတွေမှာ ဂြိုဟ်တု စလောင်းကြည့်ရှုနိုင်ပါမယ်တဲ့။ အခန်း တိုင်းမှာ ရေပူရေအေးစနစ်လည်း အသုံး ပြုနိုင်ပါမယ်။

လေအေးပေးစက်ကတော့ ၁၂ လုံးတပ်ဆင်ထားပါတယ်။ အိမ်ရှင်ရဲ့ ဆန္ဒကတော့ ကုမ္ပဏီ၊ သို့ မဟုတ် သံရုံးကို ငှားပေးလိုပြီး ပရိဘောဂ လည်း ဖြည့်ဆည်းပေးမှာပါ။

ဈေးနှုန်း ကတော့ အမေရိကန်ဒေါ်လာနဲ့ သတ် မှတ်ထားပါတယ်။

စိတ်ဝင်စားသူတွေ အနေနဲ့ Estate Myanmar အိမ်ခြံ မြေအကျိုးဆောင်ကို ဆက်သွယ်စုံစမ်း နိုင်ပါတယ်။