facebook
၁၀ မိုင်ကုန်းက လုံးချင်းအိမ်

၁၀ မိုင်ကုန်းက လုံးချင်းအိမ်

ညွှန်းဆိုစရာတွေအများကြီးနဲ့ အဓိပ္ပာယ် ပြည့်ဝတဲ့ ၁၀ မိုင်ကုန်းက လုံးချင်းအိမ် တည်နေရာ - အောင်စေတီလမ်း၊ ပြည်လမ်း၊ ၁၀ မိုင်ကုန်း။ ဈေးနှုန်း - ညှိနှိုင်း (အရောင်း)။ ဖုန်း - ၈၅၅၀၁၆၂၊ ၀၉-၅၀၂၂၃၈၇။ ဆက်သွယ်ရန်- ပိုင်ရှင်ကိုယ်တိုင်။
ဆက်သွယ်ရန် :
Phone : ၈၅၅၀၁၆၂၊ ၀၉-၅၀၂၂၃၈၇
Group : အရောင်း

၁၀ မိုင်ကုန်းက လုံးချင်းအိမ်

ဒီတစ်ပတ်အတွက် စိတ်ကြိုက်အိမ်ကတော့ တော်တော်လေးထူးခြားတဲ့ အိမ်ပါ။

တည်ဆောက်သူတစ်ယောက် ဆောက်ထားတဲ့ အဆောက်အအုံဆို တာထက် အနုပညာအမြင်ရှိသူတစ် ယောက်ရဲ့ ဖန်တီးမှု လက်ရာလို့ ညွှန်း ဆိုထားတဲ့ အိမ်လေးတစ်လုံးဖြစ်ပါ တယ်။

အိမ်ရှေ့ကို ရောက်ရောက်ချင်းမှာ "Real Home" ဆိုတဲ့ စာလုံးတွေကို မြင်လိုက်ရတော့ ကုမ္ပဏီအဆောက် အအုံလိုလို ထင်လိုက်သေးတယ်။

နောက်မှ သူ့ရဲ့ အဓိပ္ပာယ်ကို သိရပါ တယ်။

သဘာဝနဲ့ အနီးစပ်ဆုံး နေနိုင်အောင် ဖန်တီးထားတဲ့၊ အိမ်တစ်အိမ်မှာ နေထိုင်မယ့် မိသားစုတစ်စုရဲ့ လိုအပ် ချက်တွေကို ကိုယ်တိုင် ခံစားဖန်တီး ထားတဲ့၊ နေ့စဉ် နေထိုင်မှုပုံစံနဲ့ ကိုက်ညီ ဖို့ကို ဦးစားပေးဖန်တီးထားတဲ့ အိမ်ဖြစ် တာကြောင့် 'အိမ်'ဆိုတဲ့ အဆောက်အအုံ သက်သက် မဟုတ်ဘဲ မိသားစုတစ်စု အတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ အိမ်ဖြစ် တယ်လို့ ဆိုလိုချင်တာပါတဲ့။

ဒီအိမ်မှာ ထူးခြားတာကတော့ ၀ယ်ယူ သူတွေအနေနဲ့ အဆင်သင့်နေထိုင်လို့ ရလောက်အောင် အခြေခံလိုအပ်ချက် အပြည့်အစုံ ထည့်သွင်းပေးထားတာ ပါပဲ။

တီဗီစင်လို၊ ခုတင်နဲ့ ဗီရို၊ မှန်တင်ခုံ တွေ ထည့်သွင်းတည်ဆောက်ထားပြီး သား Build-in စနစ်နဲ့ပေါ့။

Landscape ဖန်တီးထားတဲ့ ခြံကို ဖြတ်ပြီး ကုန်းမြင့်ပေါ်က အိမ်ကလေးထဲ ၀င်လိုက်တဲ့အချိန်မှာ ညာဘက်က အခန်း ကန့်ထားတဲ့ ဧည့်ခန်းနဲ့ ဘယ် ဘက်က waiting room တို့ကို တွေ့ရ ပါတယ်။

အဲဒီကို ဖြတ်ပြီးရင်တာ့ ညာ ဘက်ခြမ်းမှာ အပေါ်ထပ်တက်ဖို့နဲ့ မြေ အောက်ခန်းဆင်းဖို့ လှေကားနဲ့ ဘယ် ဘက်ခြမ်းမှာတော့ ထမင်းစားခန်းနဲ့ မီးဖိုခန်းတို့ ရှိပါတယ်။

မီးဖိုခန်းမှာတော့ Light food တွေ စီစဉ်ဖို့ kitchen counter တစ်ခုနဲ့ ချက် ပြုတ်ကြော်လှော်မှုတွေအတွက် ကောင် တာနောက်တစ်ခု ခွဲပေးထားတာက နှစ်လို့ဖွယ်ပါပဲ။

မီးဖိုခန်းနဲ့ တစ်ဆက် တည်းမှာ maid room တစ်ခုရှိပါသေး တယ်။

မြေအောက်ခန်းမှာပဲ အိပ်ခန်းနဲ့ ရေချိုးခန်း အိမ်သာ သီးသန့် ဖန်တီးထား ရှိပြီး မြေအောက်ခန်းကို သာမန် တိုက် ခန်းကျယ်တွေမှာလို နေထိုင်လို့ရအောင် ပြင်ဆင်ထားတာကို တွေ့ရပါတယ်။

အပေါ်ထပ်မှာတော့ ဘုရားခန်းနဲ့ အိပ်ခန်းကျယ်နှစ်ခန်းရှိပါတယ်။

နောက် ထပ် ခေါင်မိုးထပ်တစ်ထပ်ရှိပြီးတော့ သဘာဝအလင်းရောင်နဲ့ လေကောင်း လေသန့်တို့ ရရှိအောင် ဖန်တီးထားတဲ့ အိပ်ခန်းကျယ်ကြီး တစ်ခန်းကို တွေ့နိုင် ပါတယ်။

တစ်အိမ်လုံးမှာ အိပ်ခန်းငါးခန်းရှိပြီး အားလုံးက ကွန်ဒိုတိုက်ခန်း တစ်ခန်းစာ စီလောက် ကျယ်ဝန်းတဲ့ Master Bedroom တွေပါ။

အိပ်ခန်းတိုင်းမှာ နေထိုင်သူတွေ မရှိမဖြစ် လိုအပ်မယ့် ပရိဘောဂအမျိုးအစား အနည်းငယ်ကို တစ်ခါတည်း ဖွဲ့စည်းတည်ဆောက်ထား ပေးပြီး အရောင်ဖွဲ့စည်းမှု၊ ပစ္စည်းဖွဲ့စည်း မှုတို့ကို အတိုးအလျှော့လေးတွေနဲ့ အဆင်ပြေအောင် သုံးထားပါတယ်။

ရေချိုးခန်းနဲ့ ရေအိမ်ခန်းတွေမှာ လည်း ပြင်ပက သဘာဝလေ ၀င်သာ အောင်၊ ကျန်းမာရေးနဲ့ ဆီလျော်အောင် ဖန်တီးပေးထားတယ်။ အနောက်တိုင်း ဆန်ပြီး သူ့ဟာနဲ့သူ အံဝင်ခွင်ကျ သပ်ရပ် နေတဲ့ ဒီအိမ်မှာ ထည့်သွင်းထားသမျှ ပစ္စည်းတွေက နေထိုင်သူတွေအတွက် လုံလောက်သလောက်သာ ဖန်တီး ပေးထားတာဖြစ်ပြီး မလိုအပ်တဲ့ ထည့် သွင်းတည်ဆောက်မှုတွေ လျှော့ချထား တယ်လို့ သိရတယ်။

စတုရန်းပေ ၈,၇၀၀ ကျော်ရှိတဲ့ ဒီအိမ် က ခြံပြည့် တိုက်ပြည့်ပုံစံမျိုးမဟုတ်ဘဲ ခြံနေရာပိုတွေ ပါဝင်သေးတဲ့အတွက် သင့်အတွက် လွတ်လပ်ပြီး ကျယ်ပြော တဲ့ နေထိုင်မှုဘ၀ကို ရနိုင်တယ်လို့ ဆို ချင်ပါတယ်။

ကျွန်မ သဘောမတွေ့တဲ့ တစ်ခုတည်းသော အချက်ကတော့ ဝေးလံတဲ့ နေရာမှာရှိတာပါပဲ။

ဒီအိမ်မှာ လေအေးပေးစက် ၁၁ လုံး ပါဝင်တယ်။

မီတာက ပါဝါမီတာတစ်လုံး၊ Single မီတာ နှစ်လုံးဖြစ်ပြီး အ၀ီစိရေ ရော၊ ဂျိုးဖြူရေရော ရနိုင်ပါတယ်။

ဈေး နှုန်းကတော့ အတိအကျ မကြေညာ ထားတာမို့ စိတ်ဝင်စားတယ်ဆိုရင် ပိုင်ရှင်နဲ့ပဲ ညှိနှိုင်းလိုက်ပါလို့ အကြံပြု ချင်ပါတယ်။