facebook
Tosta တာဝါ

တော်စတာ (Tosta) တာဝါကိုးလွှာက ခေါင်မိုးအိမ်

သိန်း 1300.00 Ks.
ဝယ်သူစိတ်ကျေနပ်စရာ ပံ့ပိုးမှုတွေနဲ့ တော်စတာ တာဝါကိုးလွှာက ခေါင်မိုးအိမ် Master တစ်ခန်း၊ Single နှစ်ခန်း တည်နေရာ - Tosta တာဝါ၊ သင်္ဃန်းကျွန်းမြို့နယ်။ ဈေးနှုန်း - ကျပ်သိန်း၁,၃၀၀(အရောင်း)။ဖုန်း-၂၂၉၆၄၈၊ ၀၉၄၃၁၂၇၂၈၈။ ဆက်သွယ်ရန်- (မြ)ပန်းသခင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်း။
ဆက်သွယ်ရန် : (မြ)ပန်းသခင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်း။
Phone : ၂၂၉၆၄၈၊ ၀၉၄၃၁၂၇၂၈၈။
Group : အရောင်း

တော်စတာ (Tosta) တာဝါကိုးလွှာက ခေါင်မိုးအိမ်

pent house ပုံစံ ကွန်ဒိုတိုက်ခန်းလေး တစ်ခန်း။

pent house စစ်စစ်ကြီးမဟုတ်ပေမယ့် ကျေနပ် လောက်စရာ ကွန်ဒိုတိုက်ခန်းပါ။

မြို့ထဲကနေ မိနစ် နှစ်ဆယ်ကျော် မောင်းရုံနဲ့ ရောက်တဲ့ သင်္ဃန်းကျွန်းမြို့ နယ် Junction Zawana ဘေးက Tosta တာဝါဟာ လမ်းပန်းဆက်သွယ် ရေးအရ အရမ်းကို ကျေနပ်စရာ အနေအထားမှာရှိပါတယ်။

မြေညီထပ်မှာ ကမ္ဘောဇဘဏ်ရှိတာက နေထိုင်သူတွေ အတွက် အဆင် ပြေစေမှာဖြစ်သလို ဖက် ရှင်ဆိုင်သန့်သန့်တွေနဲ့ 'လူကြီးမင်း' လို ဖုန်း ပစ္စည်းဆိုင်တွေလည်း ရှိပါတယ်။

အိမ်သုံးပစ္စည်းလိုအပ်သမျှကတော့ စီးတီးမတ်ရှိတာပေါ့။

နေ့စဉ် ဟင်းချက် စရာအတွက်ကတော့ သင်္ဃန်းကျွန်းဈေး ရော၊ စံပြဈေးပါ ရှိပါတယ်။

စိတ်ကြိုက်အိမ်က ကိုးလွှာ မှာပါ။

လျှပ်စစ်မီးပြတ်သွားပါတယ် ဒါပေမယ့် ဓာတ်လှေကားအတွက် မီးစက်ချက်ချင်းမောင်းပေးတာတွေ့ရတယ်။

ကွန်ဒိုတိုက်ခန်းလေးက စတုရန်းပေ ၁,၂၅၀ ကျယ်ဝန်းပြီးတော့ နှစ်ထပ်ပါရှိပါ တယ်။

အပေါ်ထပ်ကနေတော့ ၀ရန်တာ ကျယ်ကြီးပါရှိပြီး ဥယျာဉ်အသေးစား သဖွယ် ပြင်ဆင်လို့ရပါတယ်။

တိုက်ခန်း ကတော့ အရှေ့မြောက်ဘက်လှည့်ပါ။

အစီအစဉ်ကျကျပြောရရင်တော့ တံခါးမကြီးကနေ တိုက်ခန်းကို လှမ်းဝင် ၀င်ချင်း ထမင်းစားခန်းပါ။

ကပ်လျက်မှာ တော့ မီးဖိုရှိတယ်။ မီးဖိုက အလင်းရောင် ကောင်း လွန်းပါတယ်။ မီးဖိုရဲ့ဘေးမှာ တော့ အ၀တ်လျှော်စက်ထားစရာ၊ အ၀တ်လှန်းစရာ ၀ရန်တာငယ်လေး ပါရှိပါတယ်။

ဒါပေမယ့် မီးဖိုက အလင်းရောင်ကောင်းသလောက် ဧည့်ခန်းက မှောင်သွားတာတော့ နှမြော ဖို့ ကောင်းပါတယ်။ ထမင်းစားခန်းရဲ့ ဘယ်ဘက်မှာ ဧည့် ခန်းရှိပါတယ်။ ပြတင်းပေါက်တွေ ဘာ တွေမရှိတဲ့အတွက် အလင်းရောင်တော့ မ၀င်သာဘူးပေါ့။

ဒါပေမယ့် ဆန်းသစ်တဲ့ စိတ်ကူးနဲ့ ဧည့်ခန်းကို ဂျပန်စတိုင် ပြင် ဆင်ခင်းကျင်းထားတာကို တွေ့ရတယ်။

ဧည့်ခန်းပြီးရင် အိပ်ခန်းတွေပါ။ Single နှစ်ခန်း၊ Master တစ်ခန်းရှိပါတယ်။

သေးပေမယ့် သပ်ရပ်တဲ့ သစ်လှေ ကားလေးကနေ အပေါ်ကို တက် သွားရင်တော့ ဘုရားစင်နဲ့ ဧည့်ခန်းကို တွေ့ရမှာပါ။

အထူးဧည့်သည်တွေ အတွက် Classic ဖြစ်တဲ့ ဧည့်ခန်းမျိုးပေါ့။ ပြီးရင်တော့ ၀ရန်တာကျယ်ပါပဲ။

ရေကန် ငယ်လေးပြုလုပ်ထားပြီးတော့ ပန်းပင် အလှလေးတွေ စိုက်ထားတဲ့ ၀ရန်တာ ကျယ်ကနေပတ်ဝန်းကျင်မြင်ကွင်းကျယ် ကို ကြည့်ရှုခံစားနိုင်ပါတယ်။

အပေါ်ဆုံးလွှာမှာဆိုပေမယ့် ခေါင်မိုးပေါ်က ကိုယ်ပိုင်ဥယျာဉ်ငယ် လေးကခြံနဲ့ ၀င်းနဲ့ နေရသလို ကျယ်လွင့် တဲ့ ခံစားချက်မျိုးကို ပေးနိုင်လိမ့်မယ် ထင်ပါတယ်။

ဒီတိုက်ခန်းကို ၀ယ်ယူသူအတွက် facility ကောင်းတာကတော့ သေချာ ပါတယ်။ ဂြိုဟ်တုစလောင်းပါမယ်၊ လိုင်း ခွဲဖုန်းပါမယ်၊ ကွန်ဒိုမီနီယံရဲ့ ကုမ္ပဏီကို ပြောလိုက်ရုံနဲ့ အင်တာနက်လိုင်းပါ ရနိုင်ပါသေးတယ်။

လုံခြုံရေး ကောင်းမွန် ပြီး သန့်ရှင်းရေးဝန်ထမ်းတွေလည်း ရှိတာ မို့ အဆင်ပြေမှာပါ။ ကားပါကင်ကလည်း တစ်နေရာစာ အပိုင်စားရဦးမှာပါတဲ့။

ပရိဘောဂတွေပါ ထားခဲ့ဦးမှာမို့ အသင့်တက်နေရုံပဲလို့ ပြောလို့ရတဲ့ ဒီ အိမ်လေးမှာ အဲကွန်းသုံးလုံးနဲ့ ရေပူရေ အေးစက်တို့ ပါဝင်ပါတယ်။

အ၀ီစိရေနဲ့ ဂျိုးဖြူရေ နှစ်လိုင်းရနိုင်ပြီး မီတာကတော့ မိမိသုံးသလောက် ကျသင့်ငွေပေးဆောင် ရပါမယ်တဲ့။

တိုက်ခန်းရဲ့ သက်တမ်းက ၁၀ နှစ်ရှိ ပြီဖြစ်တာကြောင့် သစ်လွင်မနေတော့ဘူး။

ဒီတိုက်ခန်းလေးကို ကျပ်သိန်း ၁,၃၀၀ နဲ့ ရောင်းချမှာဖြစ်ပြီး စိတ်ဝင်စားသူတွေ အနေနဲ့ (မြ) ပန်းသခင်အိမ်၊ ခြံ၊ မြေအကျိုးဆောင်ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။