facebook
အေးချမ်းတိတ်ဆိတ်တဲ့ မြခွာညိုအိမ်ရာ သုံးထပ်အိမ်

အေးချမ်းတိတ်ဆိတ်တဲ့ မြခွာညိုအိမ်ရာ သုံးထပ်အိမ်

သိန်း 6000.00 Ks.
မိသားစုဝင်များသူတွေ အေးချမ်းတိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို နှစ်သက်သူတွေ အတွက် သုံးထပ်အိမ် - ၅,၆၉၈ စတုရန်းပေ (၇၄ ပေ x ၇၇ ပေ)
ဆက်သွယ်ရန် : (မြ)ပန်းသခင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်း
Phone : ၀၉၄၃၁၂၇၂၈၈
Group : အရောင်း

အေးချမ်းတိတ်ဆိတ်တဲ့ မြခွာညိုအိမ်ရာ သုံးထပ်အိမ်

မြို့ထဲကနေ မိနစ် ၂၀ ကျော်လောက် သွားရုံနဲ့ ရောက်သွားတဲ့ မြခွာညိုအိမ်ရာ ဟာ လမ်းပန်းဆက်သွယ်ရေးက အဆင် ပြေတယ်လို့ ဆိုရမှာပါ။

သာကေတဆို တာကလည်း မြို့ထဲနဲ့ သွားလာရေး အဆင်ပြေဆုံး မြို့နယ်ထဲမှာ ပါတယ် လေ။ ဒါပေမယ့် အိမ်ရာကြီးတို့ရဲ့ ထုံးစံ ပေါ့။

အိမ်ရာထဲကနေ လမ်းမရောက် အောင်တောင် တော်တော်ထွက်ရဦးမှာ ဆိုတော့ ကိုယ်ပိုင်ကားလေးရှိမှ အဆင် ပြေမယ်ထင်ပါတယ်။

ကျွန်မတို့ရဲ့ စိတ်ကြိုက်အိမ်က မျက်နှာစာမှာလည်း အိမ်ခြေမရှိ၊ ဘေးဘက် တွေမှာလည်း သီးသန့်ဆန်၊ တိတ်ဆိတ် တဲ့ ခြံဝင်းကြီးတွေပဲ ရှိမယ်ဆိုတော့ အိမ် နီးချင်း အင်အားနည်းတာမို့ လုံခြုံ ရေးကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုး ရမှာပါ။

စိတ်ကြိုက်အိမ်က သုံးထပ် တိုက်ဖြစ်ပြီး အပေါ်ဆုံးထပ်မှာ ခေါင်မိုး ထပ် လေသာဆောင် ပါဝင်သေးတာမို့ သုံးထပ်ခွဲလို့ ပြောရမယ် ထင်ပါတယ်။

ခြံ က ၅,၆၉၈ စတုရန်းပေ (၇၄ ပေ x ၇၇ ပေ) ဖြစ်ပါတယ်။ ခြံက ဘေးနှစ်ဖက်မှာ နေရာပိုလေးတွေရှိနေတဲ့အတွက် နေ ပျော်မှာပါ။ အိမ်ထဲကို ၀င်သွားသွားချင်း တော့ ဧည့်ခန်းကျယ်ကြီးကို တွေ့ရ မှာပါ။

ထမင်းစားခန်းနဲ့ ဧည့်ခန်းကို ပစ္စည်းထားသိုရာ စင်နဲ့ ပိုင်းကန့်ထားပြီး စင်ကလည်း ကနုတ်တွေဘာတွေနဲ့ ခံ့ညားတာကို တွေ့ရပါတယ်။

ထမင်းစား ခန်းက အတော်လေး ကျယ်ဝန်းပြီး ဘားကောင်တာငယ်လေး တစ်ခု လည်း ပါဝင်ပါတယ်။

ထမင်းစားခန်းနဲ့ ဆက်လျက်မှာတော့ မီးဖိုခန်းပါ။ မီးဖိုခန်းက ကျယ်ဝန်းတယ်၊ အလင်းရောင်ကောင်းတယ်၊ ခြံနောက် ဘက်ကို ထွက်နိုင်မယ့် တံခါးပေါက်တစ် ခုလည်း ရှိပါတယ်။

ဧည့်ခန်းရဲ့ ဘေး ဘက်မှာတော့ ရိုးရိုးအိပ်ခန်းကျယ်တစ် ခန်းရှိပါတယ်။ အပေါ်ထပ်တက်ရမယ့် လှေကားခြေရင်းမှာတော့ ကျွန်းတံခါး ချပ်ကြီးနှစ်ခုနဲ့ လုံခြုံရေးအတွက် ဖန်တီး ထားတာကို တွေ့ရပါတယ်။

အလယ်ထပ်မှာတော့ ကျယ်ဝန်းလှတဲ့ Master Bedroom နှစ်ခန်းနဲ့ ဧည့်ခန်းကျယ်တစ်ခန်းရှိပါတယ်။

ဧည့် ခန်းကနေ အိမ်ဘေးဘက်ဝရန်တာငယ် ဆီ ထွက်လို့ရပါတယ်။ နောက်ထပ် အပေါ်ထပ်ကို ထပ်တက်သွားချိန်မှာ တော့ ကျယ်ဝန်းတဲ့ Master Bedroom နှစ်ခန်း၊ စတိုခန်းတစ်ခန်းနဲ့ ဘုရား ခန်းကျယ်ကြီးကိုတွေ့ရမှာပါ။

အဲဒီရဲ့ အပေါ်ထပ်မှာတော့ လေသာဆောင် ပါပဲ။ အိမ်မှာ သတိထားမိတာကတော့ သစ်သားများများ အသုံးပြုထားတာပါ ပဲ။

အိမ်အတွင်းမှာကို တိုင်လုံးကြီး တွေရှိပြီး အဲဒီတိုင်လုံးတွေကို ကျွန်း၊ ကနုတ်တွေ၊ လျှာထိုးတွေနဲ့ ပတ်လည် ကာရံ အလှဆင်ထား တော့ အခန်း လယ်မှာ တိုင်လုံးကြီးတွေ ကိုးလိုး ကန့်လန့်ပါနေပေမယ့် ကြည့်ကောင်း သွားတာပေါ့။

တစ်အိမ်လုံးက သူ့ဟာနဲ့သူ အဆင်ပြေ နေပေမယ့် ကျွန်မ မကြိုက်တာကတော့ ဧည့်ခန်းနဲ့ အိပ်ခန်းတော်တော်များများက အလင်းရောင် ကောင်းကောင်းမ၀င် ဘူးဖြစ်နေတယ်လေ။

ဒါကလည်း အလင်းရောင်နဲ့ လေကောင်းလေသန့် တွေ ၀င်သာမှ ကြိုက်တတ်တဲ့ ကျွန်မ အကျင့်ကြောင့်ပဲလား မပြောတတ်ဘူး။

တစ်အိမ်လုံးမှာကတော့ လေအေး ပေးစက် ခုနစ်လုံး၊ ပါဝါမီတာနဲ့ ရေကတော့ အ၀ီစိနဲ့ ဂျိုးဖြူရေတို့ ပါဝင်ပါတယ်။

ဒီအိမ်လေးကိုတော့ ကျပ်သိန်း ၆,၀၀၀ နဲ့ အရောင်းဖွင့်ထားပါတယ်။

တည်နေရာ - မြခွာညိုအိမ်ရာ၊ သာကေတမြို့နယ်။
ဈေးနှုန်း - ကျပ်သိန်း၆,၀၀၀(အရောင်း)။ဖုန်း-၂၂၉၆၄၈၊ ၀၉၄၃၁၂၇၂၈၈။
ဆက်သွယ်ရန်- (မြ)ပန်းသခင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်း။