facebook
 မြင်သူစိတ်တိုင်းကျစေမယ့် လှိုင်မြို့နယ် ခပေါင်းအိမ်ရာက တိုက်ခန်း

မြင်သူစိတ်တိုင်းကျစေမယ့် လှိုင်မြို့နယ် ခပေါင်းအိမ်ရာက တိုက်ခန်း

သိန်း 850.00 Ks.
သစ်လွင်မှုနဲ့အတူ မြင်သူစိတ်တိုင်းကျစေမယ့် လှိုင်မြို့နယ် ခပေါင်းအိမ်ရာက တိုက်ခန်း
ဆက်သွယ်ရန် : (မြ)ပန်းသခင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်
Phone : ၂၂၉၆၄၈၊ ၀၉ ၄၃၁၂၇၂၈၈
Group : အရောင်း

မြင်သူစိတ်တိုင်းကျစေမယ့် လှိုင်မြို့နယ် ခပေါင်းအိမ်ရာက တိုက်ခန်း

အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှာ လှုပ်ရှားမှု တော်တော်နည်းတဲ့ လှိုင်မြို့ နယ်က ခပေါင်းအိမ်ရာ။ အမိုက်စား လုံးချင်းတိုက်တွေ များပြားသလို ပတ်ဝန်း ကျင်သန့်သန့်နဲ့ အထပ်မြင့်တိုက်တွေလည်း ရှိတာမို့ နှစ် သက်စရာ နေရာတစ်ခု။

ကွန်ဒိုမကျ တိုက်ခန်းမက တိုက်ခန်းတစ် ခန်းပါ။ အိမ်နီးချင်းတွေကတော့ နိုင်ငံခြားသားတွေ များပြားပါတယ်။လေးလွှာက ခပ်သန့်သန့်တိုက်ခန်းလေး ဆီရောက်တော့ ကောင်းမွန်စွာပြင်ဆင် ထားတာကို တွေ့ရပါတယ်။

ဆေးရောင် လွင်လွင်လေးတွေကို အဝေးက မြင်နိုင်တဲ့ ဒီတိုက်ခန်း ပိုင်ရှင်က နိုင်ငံတကာ လှည့်လည်သွားလာနေသူမို့ ဒီတိုက်ခန်း လေးကို ခေတ်မီလှပစွာ ပြင်ဆင် ထားတယ်လို့ တွေးမိပါတယ်။

စတုရန်းပေ ၁,၃၀၀ ကျယ်ဝန်းတဲ့ ဒီတိုက်ခန်းလေးကို ဧည့်ခန်းတစ်ခန်း၊ အိပ်ခန်းနှစ်ခန်း၊ မီးဖိုခန်းတို့နဲ့ ကျစ်လျစ် စွာ ဖွဲ့စည်းထားပါတယ်။

ဘုရားခန်း အဖြစ် သီးသန့်သတ်မှတ်စရာအခန်း မရှိဘဲ ဧည့်ခန်းခေါင်းရင်းဘက်မှာ ဘုရားစင်ထား ကိုးကွယ်ထားတာတွေ့ရ ပါတယ်။ ဧည့်ခန်းကို မှန်လျှောတံခါးလေးနဲ့ ကန့်ထားတာဖြစ်ပြီး လုံခြုံရေးအတွက် သံပန်းကာထားပြီးသား ၀ရန်တာတစ်ခု ပါဝင်ပါတယ်။

တိုက်ခန်းရဲ့ လက်ယာ ဘက်မှာတော့ အိပ်ခန်းတွေရှိပါတယ်။ လူတစ်ယောက်စာကောင်းကောင်း ကျယ်ဝန်းတဲ့ တစ်ယောက်ခန်း တစ်ခန်းနဲ့ ရေချိုးခန်းအိမ်သာပါဝင်တဲ့ အိပ်ခန်း ကျယ်တစ်ခန်းပါ။

ရိုးရိုးအိပ်ခန်းနှစ်ခန်း ကို ပေါင်းစပ်ထားတာလို့ ဆိုပါတယ်။ ထမင်းစားခန်းကတော့ သပ်သပ်မရှိ ဘဲ အစီအစဉ်တကျ သပ်ရပ်လှတဲ့ မီးဖို ခန်းရှေ့နားက နေရာလွတ်လေးကို ထမင်းစားပွဲနဲ့ ကုလားထိုင်တစ်စုံ ချပြီး ထမင်းစားခန်းအဖြစ် သတ်မှတ်နိုင်မှာ ပါ။

ဧည့်ခန်းနဲ့ အိပ်ခန်းတွေမှာတော့ ကိုရီးယားပါကေးတွေ ခင်းထားတာကို တွေ့ရတယ်။ ဒီအိမ်ခန်းရဲ့ ပိုင်ရှင်အသစ်အတွက်ကတော့ ရွှေ့ပြောင်းမရနိုင်တဲ့ နံရံကပ် ဗီရိုလို ပစ္စည်းမျိုးတွေ လက်ဆင့်ကမ်းပိုင် ဆိုင်ရမှာဖြစ်ပါတယ်။

အိမ်ရဲ့ သက်တမ်း က ၁၀ နှစ်ဝန်းကျင်ရှိပြီဖြစ်ပေမယ့် ပိုင် ရှင်ရဲ့ စောင့်ရှောက်မွမ်းမံမှုကြောင့် အတော်လေး သစ်လွင်နေပါ သေးတယ်။

အိမ်လေးမှာ လေအေးပေးစက်သုံးလုံး ရှိတယ်။ ကြိုးဖုန်းတစ်လုံးလည်း ရရှိမှာ ဖြစ်ပြီး ကားရပ်နားဖို့နေရာက ကားသုံး စီးစာ ရရှိမှာ ဖြစ်ပါတယ်။

ရေကတော့ အိမ်ရာက စီစဉ်ပေးပြီး သား အ၀ီစိရေကို ရရှိမှာဖြစ်ပြီး မီတာက တော့ ကိုယ့်အမည်ပေါက်နဲ့ ကိုယ်ပိုင်မီ တာ ရရှိမှာဖြစ် ပါတယ်။

လက်ရှိပိုင်ရှင်က လည်း မိသားစုသုံးဦးတည်း အေးဆေး စွာနေတဲ့လူတွေဖြစ်တာကြောင့် ကျွန်မ စိတ်ထဲမှာလည်း ဒီလိုလူဦးရေ နည်းတဲ့ မိသားစုတွေနဲ့ဆို ပိုမိုကိုက်ညီမယ်လို့ ထင်မိပါတယ်။

ကျပ်သိန်း ၈၅၀ နဲ့ အရောင်းဖွင့်လှစ်ထားတဲ့ ဒီတိုက်ခန်းကို ၀ယ်ယူချင်သူ၊ ဒါမှမဟုတ် စိတ်ဝင်စားသူတွေအတွက် သိလိုတဲ့ အချက်အလက်တွေကို (မြ) ပန်းသခင်အိမ်ခြံမြေ အကျိုးဆောင်ထံကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

တည်နေရာ - ခပေါင်းအိမ်ရာ၊ လှိုင်မြို့နယ်။
ဈေးနှုန်း - ကျပ်သိန်း ၈၅၀ (အရောင်း)။
ဆက်သွယ်ရန် - (မြ)ပန်းသခင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်။
ဖုန်း - ၂၂၉၆၄၈၊ ၀၉ ၄၃၁၂၇၂၈၈။