facebook
ဖွဲ့စည်းပုံထူးခြားတဲ့ သုံးထပ်တိုက်

ဖွဲ့စည်းပုံထူးခြားတဲ့ သုံးထပ်တိုက်

သိန်း 3800.00 Ks.
ဆွဲဆောင်နိုင်တဲ့ စိတ်တိုင်းကျအရောင်တွေ တွဲစပ်ထားပြီး ဖွဲ့စည်းပုံထူးခြားတဲ့ သုံးထပ်တိုက်
ဆက်သွယ်ရန် : Estate Myanmar
Phone : ၅၂၆၀၇၃၊ ၀၉ ၄၃၀ ၉၄၉၄၉။
Group : အရောင်း

ဖွဲ့စည်းပုံထူးခြားတဲ့ သုံးထပ်တိုက်

ခြံစည်းရိုး စိမ်းစိမ်း၊ နံရံစိမ်းစိမ်း၊ မှန်စိမ်း စိမ်းနဲ့ အိမ်ကို တွေ့ လိုက်ရတော့ ဖော်ပြဖူးသမျှအိမ်တွေထဲမှာ ထုထည် ကြီးကြီးမားမားနဲ့ အိမ်ပုံစံ ထူးခြားတဲ့ အိမ်တစ်လုံးအဖြစ် မှတ်ချက် ချမိပါတယ်။

ဖွဲ့စည်းပုံထူးခြားပြီး သစ်လွင်လှပနေ တဲ့ ဒီအိမ်ကို ၃,၃၇၅ စတုရန်းပေ ကျယ်ဝန်းတဲ့ ခြံထဲမှာ ခြံပြည့်တိုက်ပြည့် ဆောက်ထားတာတွေ့ရပါတယ်။

တိုက် မြေညီထပ်မှာ အစိမ်းရောင်တိုင်လုံးတွေ အများကြီးထည့်သွင်း ထားပြီး နံရံမထား ရှိဘဲ ကားထားရာနေရာအဖြစ်အသုံးပြုဖို့ သင့်တော် အောင် စီမံထားတယ်။

ခြံနောက်ဘက်ထောင့်တစ်နေရာ မှာ ယာဉ်မောင်းနေဖို့ တစ်ကိုယ်ရေစာ နေရာနဲ့ရေချိုးခန်း၊ အိမ်သာ ပါတယ်။ ပိုင်ရှင်က နောက်ပိုင်းကျရင် နံရံတွေပိတ်ပြီး အခန်းဖွဲ့လိုက်မယ်ဆို လည်း အဆင်ပြေတယ်လို့ ဆိုပါတယ်။ တိုက်ရဲ့ ဗဟိုမှာရှိတဲ့ လှေကား အိမ် ကနေ တက်သွားတော့ အလယ်ထပ်ကို ရောက်ပါတယ်။

အလယ်ထပ်ကို ရောက် ရှိချိန်မှာ စာရေးသူကို အံ့ဩမှင်တက် မိသွားစေတာကတော့ တောက်ပဆွဲ ဆောင်မှုရှိလွန်းတဲ့ အ၀ါရောင်တွေ လွှမ်းခြုံထားတာပါပဲ။

အဲဒီ အထပ်မှာပဲ ရိုးရိုးတစ်ယောက်ခန်း နှစ်ခန်း၊ ရေချိုးခန်း၊ အိမ်သာတွဲလျက် အိပ်ခန်းတစ်ခန်းပါရှိပြီး အခန်းအားလုံး ကို နံရံမှာ အစိမ်းရောင်ဆေးသုတ်ထား ပါတယ်။ စိုပြည်တဲ့ အနီရောင်ရဲရဲနံရံတွေနဲ့ မီး ဖိုခန်းကိုလည်း အတန်ငယ်ကျယ်ကျယ် ၀န်းဝန်းတွေ့ရတယ်။ အရောင်စုံ ဒီအိမ် မှာ လူနေစရာ နေရာတွေက ဒါအကုန်ပဲ မို့ လုံးချင်းတိုက်ပေမယ့်တိုက်ခန်းမှာ နေတဲ့ ခံစားမှုမျိုးနဲ့တောင်တူနေတယ်လို့ ထင်မိပါတယ်။

သုံးထပ်တိုက်မို့ အပေါ် ဆုံးထပ်ကို တက်ကြည့်လိုက်ချိန်မှာ တော့ တိုင်တွေအများကြီးနဲ့ ခေါင်မိုး လည်း ပါဝင်တဲ့ လသာဆောင် ထပ်ကို တွေ့ရပါတယ်။

သူလည်းပဲ အခန်းဖွဲ့ မယ်ဆို အဆင်ပြေမယ့် အနေအထားပါ တဲ့။ မိသားစုဝင်နည်းမယ်ဆို နဂိုအတိုင်း၊ မိသားစုဝင်များမယ်ဆို အခန်းထပ်ဖွဲ့ နိုင်မှာပေါ့။ ပတ်ဝန်းကျင်အနေအထားအရ တော့ အိမ်မျက်နှာစာ ခပ်လှမ်းလှမ်းမှာ ရထားလမ်းရှိပါတယ်။ မျက်နှာစာ မြင်ကွင်းအရတော့ အိမ်ရှေ့မှာ ကတ္တရာ လမ်းလေးရှိမယ်။ မြောင်းခပ်ကျယ်ကျယ် တစ်ခုရှိမယ်။ ရထားလမ်းရှိမယ်။

ရှင်းပါတယ်။ အိမ်နီးနားပတ်ဝန်း ကျင်ကတော့ အေးအေးဆေးဆေး နေ တတ်တဲ့ မိသားစုတွေသာ အနေများပုံရ ပါတယ်။ တိုက်တာတွေ မများလှပေမယ့် ခြံနဲ့ ၀င်းနဲ့ အေးအေးချမ်းချမ်းပျဉ်ထောင် အိမ်လေးတွေကိုတွေ့ခဲ့ရပါတယ်။

ခြံထဲမှာ မြေပိုမရှိသော်ငြား လည်း အပေါ်ဆုံးထပ် လသာဆောင် မှာ ဥယျာဉ်လုပ်လို့ရနိုင် ပါတယ်။ အမိုး လည်း ရှိပြီးသားဆိုတော့လေ။ အိမ်က တော့ ပြင်ဆင်ပြီးစ အနေအထား ဆိုတော့ လောလောဆယ် ဘာမှမရှိ သေး ပေမယ့် အိမ်ရှင်က လေအေးပေးစက် နှစ်လုံးတပ်ပေးမယ်လို့ သတင်းပေး လိုက်ပါသေးတယ်။

တည်နေရာ - အောင်ချမ်းသာအိမ်ရာ၊ ရန်ကင်းမြို့နယ်။
ဈေးနှုန်း - ကျပ်သိန်း ၃,၈၀၀ (အရောင်း)။
ဆက်သွယ်ရန် - Estate Myanmar အိမ်၊ ခြံ၊ မြေ အကျိုးဆောင်။ ဖုန်း - ၅၂၆၀၇၃၊ ၀၉ ၄၃၀ ၉၄၉၄၉။